Tuesday, November 1, 2011
မြစ်အောက်ပိုင်းဒေသသို့ သက်ရောက်မှုများ
အနည်းကျမှုများ နည်းသွားနိုင်ခြင်း။ ။ မြစ်အောက်ပိုင်းဒေသများသို့ နုံးအနယ်ကျမှုများ ရောက်ရှိရန် ပို၍ နည်းသွားသော ကြောင့် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားကြသည့်အရပ်တွင် စိုက်ပျိုးရေး အထွက်နှုန်းများ ကျဆင်းသွားနိုင်ပါသည်။ ဒေသ ခံလူထုများ၏ စားရေရိက္ခာ ဖူလုံရေးသာမက၊ ဤဒေသမှဆန်ကို မှီခို၍ တင်သွင်းစားနေကြရသည့် သိန်းပေါင်းများစွာသော ပြည်သူများ၏ ရိက္ခာဖူလုံရေးကိုလည်း ထိခိုက်စေပါလိမ့်မည်။
မြစ်၏ဇလဗေဒ ပြောင်းလဲမှုများ။ ။ မြစ်ရေစီးသည့် ရေလုံးအင်အားပြောင်းလဲသွားမှုကြောင့် ရေတွင် ဆားငန်ဓါတ် သိပ်သည်းမှု ပိုများလာနိုင်ပြီး ပို၍ မြစ်အညာပိုင်းသို့ ဆားငန်ရေ၀င်လာနိုင်ပါသည်။ သို့အတွက်ကြောင့် စိုက်သီးနှံများကို ပို၍ထိခိုက်စေပါလိမ့်မည်။
ရုတ်တရက်နှင့် သဘာဝမဟုတ်သည့် ရေမြင့်တက်ခြင်းများ။ ။ မြစ်အထက်ပိုင်းဆည်မှ ရေလွှတ်ချလိုက်ခြင်း ကြောင့် ရုတ်တရက်နှင့် သဘာဝမဟုတ်သည့် ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်ကာ ကမ်းပါးမြေများ တိုက်စားခြင်း၊ ကျွန်းများကို ဖျက် ဆီးပစ်ခြင်း၊ မြစ်ကြောင်းတလျှောက်နေ ပြည်သူများအတွက် အန္တရာယ်ကြုံရခြင်းများ ဖြစ်စေပါသည်။
ရေ၏ အရည်အသွေးပြောင်းလဲသွားခြင်း။ ။ ဆားငန်ဓါတ်ပေါက်မှု သို့မဟုတ် ရာသီအလိုက် ရေစီးဆင်းမှုပုံစံ ပြောင်း လဲသွားခြင်းကြောင့် ရပ်ရွာများ၏ ရေလှောင်ကန်များ သောက်သုံးမရ ဖြစ်နိုင်သလို၊ စိုက်ပျိုးရေးအတွက်လည်း အခက်တွေ့ စေနိုင်ပါသည်။
ငါးဖမ်းရရှိမှု ကျဆင်းသွားခြင်း။ ။ ငါးများ ရွှေ့ပြောင်းသားပေါက်မှုကို အနှောင့်အယှက်ဖြစ်စေသည့် အတွက်ကြောင့် ငါး အရေအတွက်နည်းလာနိုင်သည်။ ဒေသခံလူထုများအတွက် အသားဓါတ် ရရှိမှုနည်းလာနိုင်သည်။ ဇီဝမျိုးကွဲများ ကြွယ်ဝမှု ကိုလည်း ထိခိုက်စေနိုင်သည်။
ဆည်ကျိုးပေါက်မှုကြောင့် ကပ်ဘေးသင့်ရခြင်း။ ။ ယခု တည်ဆောက်ရန် လျာထားသည့် ဆည်များသည် မြန်မာနိုင်ငံ၏ ငလျှင်ပြတ်ရွေ့ကြော အပေါ်တွင် တည်ရှိနေကြပါသည်။
ဤသို့ ပြောင်းလဲမှုများ တခုခုဖြစ်ပေါ်ခဲ့ပါက မျိုးဆက်များစွာ မိမိဘာသာရပ်တည် နေထိုင်ခဲ့ကြသည့် လူထုများ၊ သူတို့၏ သဘာဝ ပတ်ဝန်းကျင်များ၏ မျှခြေအနေအထား ပျက်ယွင်းသွားနိုင်ပါသည်။ သို့အတွက်ကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရခြင်း၊ ပြင်ပဒေသများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့သော်လည်း ဤသို့ စိုးရိမ်ပူပန်ချက်များနှင့် ဖြစ်လာနိုင်သည့် ပြဿနာများကို မြစ်အောက်ပိုင်းဒေသတွင် နေထိုင်ကြသူများထံသို့ ယခုတိုင် အသိပေးခြင်း မရှိသေးပါ။ ဤဆည်စီမံချက်များအကြောင်းကိုလည်း ယခုတိုင် အသိပေးခြင်း မရှိသေးပါ။ ဆုံးဖြတ်ချက်ချရာ တွင် ပါဝင်ခွင့်ရရေးဆိုသည်မှာ ပို၍ ဝေးကွာနေတော့ပါသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ အင်တာနက်စာမျက်နှာ www.salweenwatch.org သို့ သွားရောက် ကြည့်ရှုနိုင်ပါသည်။
သံလွင်မြစ်အောက်ပိုင်းဒေသနေ ပြည်သူများအပေါ် သက်ရောက်မည့် ဆိုးကျိုးများနှင့် ပတ်သက်၍ "တိမ်းစောင်းမခံနိုင် သော မျှခြေ" (In the Balance) အစီရင်ခံစာကို ဖတ်ရှုစေလိုပါသည်။
မြစ်အောက်ပိုင်းဒေသသို့ ထိခိုက်နိုင်သော ဆိုးကျိုးများနှင့် ပတ်သက်၍ ယေဘုယျသတင်းအချက်အလက်များ ဖတ်ရှုလို ပါက ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) ၏ အချက်အလက်ဘဏ် www.dams.org သို့ သွားရောက် ကြည့်ရှု နိုင်ပါသည်။
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) က မြစ်အောက်ပိုင်းဒေသများနှင့် ပတ်သက်၍ လေ့လာချက်ကို အောက်ပါ နေရာများတွင် ဖတ်ရှုနိုင်ပါသည်။
http://www.dams.org/docs/kbase/contrib/soc195.pdf
"တိတ်ဆိတ်သွားသည့် မြစ်များ။ ဧရာမဆည်ကြီးများ၏ ဂေဟဗေဒစနစ်နှင့် နိုင်ငံရေး" စာအုပ်
The book Silenced Rivers: The Ecology and Politics of Large Dams
(for information http://www.internationalrivers.org/en/dam-basics/silenced-rivers-ecology-and-politics-large-dams)
ဆည်၏ လုံခြုံအန္တရာယ်ကင်းမှု
မြန်မာနိုင်ငံရှိ ဆည်တည်ဆောက်ရေးစီမံကိန်းများတွင် သင့်လျော်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ စစ်ဆေး အကဲဖြတ်ချက်များ ရှိမည်ဟု အာမခံချက် မရှိပါ။ သို့အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း လျှော်ကန် စွာ ဆောင်ရွက်မည်၊ စနစ်တကျ ကြီးကြပ်မှုရှိမည်ဟု မဆိုနိုင်ပါ။ ဒေသခံပြည်သူများကိုလည်း မည်သည့်အချိန်တွင် ရေ ထုတ်လွှတ်မည်၊ ဆည်ကြောင့် မည်သည့်ဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ရနိုင်သည် စသည့် သတင်းအချက်အလက်များကို လည်း သေချာပေးထားလိမ့်မည် မဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြံရပါက မည်သို့ပြင်ဆင်ထားရှိရမည်ကိုလည်း ပြော ဆိုထားမည် မဟုတ်ပါ။ ၎င်းကဲ့သို့ အစီအစဉ်များလည်း ရှိမည် မဟုတ်ပါ။ သို့အတွက်ကြောင့် ဆည်များ၏ အန္တရယ်ကင်း လုံခြုံမှုသည် အထူးစိုးရိမ်ဖွယ်အချက် ဖြစ်နေစေပါတော့သည်။
မြေငလျှင်များနှင့် ဆည်ကျိုးပေါက်မှုများ
ကမ္ဘာလုံးဆိုင်ရာ ငလျှင်ကြောင့်ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျှင်အန္တရာယ် မြင့်သောအခြေအနေမှ အလွန် တရာမြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး၊ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ တရုတ်-မြန်မာနိုင်ငံနယ်စပ်တွင် မကြာသေးမီက လှုပ်ခဲ့သော ငလျှင်ကြောင့် ဧရာဝတီမြစ်ဆုံဆည်သာ တည်ဆောက်ခဲ့ပါက မည်သို့ ဖြစ်ပေါ်လာမည်ကို တွေးတော၍ ပူပန်နေခဲ့ကြ ပါသည်။ (ဆောင်းပါးကို ဖတ်ရန်) တရုတ်နိုင်ငံရှိ စိုးရိမ်ပူပန်သူပြည်သူများက တရုတ်နိုင်ငံ အနောက်မြောက်ဒေသတွင် တည်ဆောက်မည့် ဆည်များကို ဆိုင်းငံ့ထားပါရန် ၂၀၀၈ ခုနှစ်၊ မေလတွင် အပြင်းအထန်လှုပ်ခတ်ခဲ့သော ဇီချွမ်မြေငလျှင် ကြီးအပြီးတွင် မေတ္တာရပ်ခံစာ ရေးသားပေးပို့ခဲ့ကြပါသည်။ (ဆောင်းပါးကို ဖတ်ရန်)
ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြင်း
ရုတ်တရက် ရေတက်လာခြင်းများ
ဆည်၏ လုံခြုံအန္တရာယ်ကင်းမှု
| http://www.burmariversnetwork.org/burmese/2008-09-23-12-54-42/2008-09-24-15-59-07.html |
မြန်မာနိုင်ငံရှိ ဆည်တည်ဆောက်ရေးစီမံကိန်းများတွင် သင့်လျော်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ စစ်ဆေး အကဲဖြတ်ချက်များ ရှိမည်ဟု အာမခံချက် မရှိပါ။ သို့အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း လျှော်ကန် စွာ ဆောင်ရွက်မည်၊ စနစ်တကျ ကြီးကြပ်မှုရှိမည်ဟု မဆိုနိုင်ပါ။ ဒေသခံပြည်သူများကိုလည်း မည်သည့်အချိန်တွင် ရေ ထုတ်လွှတ်မည်၊ ဆည်ကြောင့် မည်သည့်ဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ရနိုင်သည် စသည့် သတင်းအချက်အလက်များကို လည်း သေချာပေးထားလိမ့်မည် မဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြံရပါက မည်သို့ပြင်ဆင်ထားရှိရမည်ကိုလည်း ပြော ဆိုထားမည် မဟုတ်ပါ။ ၎င်းကဲ့သို့ အစီအစဉ်များလည်း ရှိမည် မဟုတ်ပါ။ သို့အတွက်ကြောင့် ဆည်များ၏ အန္တရယ်ကင်း လုံခြုံမှုသည် အထူးစိုးရိမ်ဖွယ်အချက် ဖြစ်နေစေပါတော့သည်။
မြေငလျှင်များနှင့် ဆည်ကျိုးပေါက်မှုများ
ကမ္ဘာလုံးဆိုင်ရာ ငလျှင်ကြောင့်ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျှင်အန္တရာယ် မြင့်သောအခြေအနေမှ အလွန် တရာမြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး၊ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ တရုတ်-မြန်မာနိုင်ငံနယ်စပ်တွင် မကြာသေးမီက လှုပ်ခဲ့သော ငလျှင်ကြောင့် ဧရာဝတီမြစ်ဆုံဆည်သာ တည်ဆောက်ခဲ့ပါက မည်သို့ ဖြစ်ပေါ်လာမည်ကို တွေးတော၍ ပူပန်နေခဲ့ကြ ပါသည်။ (ဆောင်းပါးကို ဖတ်ရန်) တရုတ်နိုင်ငံရှိ စိုးရိမ်ပူပန်သူပြည်သူများက တရုတ်နိုင်ငံ အနောက်မြောက်ဒေသတွင် တည်ဆောက်မည့် ဆည်များကို ဆိုင်းငံ့ထားပါရန် ၂၀၀၈ ခုနှစ်၊ မေလတွင် အပြင်းအထန်လှုပ်ခတ်ခဲ့သော ဇီချွမ်မြေငလျှင် ကြီးအပြီးတွင် မေတ္တာရပ်ခံစာ ရေးသားပေးပို့ခဲ့ကြပါသည်။ (ဆောင်းပါးကို ဖတ်ရန်)
ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြင်း
ရုတ်တရက် ရေတက်လာခြင်းများ
Sunday, October 23, 2011
တရုတ် က မြန်မာ အရာရှိ ငယ် တွေ ကို နှင်ထုတ်ပြီ | မလေးက လက်ခံ
တရုတ် စစ်တက္ကသိုလ် တွေ မှာ မြန်မာ စစ်တပ် က စေလွှတ် တဲ့ သင်တန်း သား တွေ အရည်
အချင်း ပြည့် မှီ မှု မရှိ လို သင် မပေး တော့ ဘူး ဆို သည့် သတင်း ကို ဤနေရာ တွင် ဖတ်ရှု
နိုင် သည်။
တရုတ် က ယခု ကဲ့ သို့  မြန်မာ စစ်တပ် မှ ပညာတော် သင်စေလွှတ် သည့် သင်တန်းသား များ
ကို လက်မခံခြင်းမှာ မြစ်ဆုံ ဆည် တည် ဆောက် မှု ကို ရပ်တန့် ကြောင်း မြန်မာ က ကြေငြာ
ခြင်း ကို လက် စား ချေခြင်း ဟု ရုရှား နိုင်ငံ မော်စကို မြို့ ရောက် မြန်မာ စစ်တက္ကသိုလ် ကျောင်း
သား တစ်ဦး က FNG သို့ ပြောသည်။
မြစ်ဆုံ ဆည် ရပ် ပြီး ကတည်းက တရုတ် စစ်တက္ကသိုလ် တွေ မှာ ရောက် နေ တဲ့ မြန်မာ ကျောင်း
သား တွေ ကို နှိမ်တာ တို့  ၊ ရန် စတာ တို့  ၊ အနိုင် ကျင့်တာ တို့ လုပ်လာ တယ်။ သင်တန်း ဆရာ
တွေ ကို တိုင် လဲ မသိချင် ယောင် ဆောင် တယ်၊ တကယ် တော့ တရုတ် ကျောင်းသား တွေ
ထက် တောင် မြန်မာ တွေ က တော် တယ် ၊ သူ တို့  က လောင်းကစား လုပ်တယ်၊ ဘိန်းရှု
တယ်၊ လို့  ကျွန်တော် တို့  သူငယ်ချင်း တွေ က ပြောသည် ဟု အဆိုပါ မော်စကို ရောက်
မြန်မာ အရာရှိ ငယ် က ပြောသည်။
တရုတ်က ၀န်ကြီးချုပ် ၀မ်ကျားပေါင် က မြန်မာ ဒုသမ္မတ တင်အောင်မြင့်ဦး နှင့် တွေ့ ဆုံရာတွင်
ပေးထား သည့် ကတိတွေ တည် အောင် လုပ် ဖို့  လို သည် ဟု ခြိမ်းခြောက် သည့် အသုံး အနှုံး
ဖြင့် ပြောခဲ့ သည်။
နောက်ဆုံး ရ သတင်းများ အရ မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က
မလေးရှား နိုင်ငံ သို့  နှစ် ၃၀ အတွင်း ပထမ ဦးဆုံး ကာကွယ်ရေး ၀န်ကြီး အဖြစ် သွားရောက်
ခဲ့ ပြီး နောက် မလေးရှား ကာကွယ်ရေး ၀န်ကြီး နှင့် သဘောတူညီချက် ရရှိ ရာ တွင် မလေးရှား
စစ်တက္ကသိုလ် ဉ် ဘာသာ ရပ် ဆယ် ခု ထက် မနည်း ကို မြန်မာ စစ်တက္ကသိုလ် ကျောင်းသား
များ အတွက် ပညာ သင်ခွင့် ပြု မည် ဟု သိရသည်။
တရုတ် က မြန်မာ အရာရှိ လောင်း တွေ ကို နှင်ထုတ်ပြီ
ဆုံ ချိန် ဉ် တရုတ် စစ်တပ် မှ ထိပ်တန်း စစ်ဘက် အရာ ရှိ များ က မြန်မာ ကိုယ်စားများ နှင့်
သီးသန့်  တွေ့ ဆုံ ရာ ဉ် မြန်မာ့ တပ်မတော်မှ စေလွှတ် သည့် မည် သည့် သင်တန်း သား
ကို မျှ တရုတ် စစ်တက္ကသိုလ် များ ဉ် ၂၀၁၂ ခုနှစ် မှ စပြီ ပညာ သင်ပေး တော့ မည် မဟုတ်
ဟု သိရသည်။
အကြောင်းပြချက် မယ်မယ်ရရ မရှိ ပဲ ရပ်တန့် ခဲ့ သည့် တရုတ် စစ်တပ် က မြန်မာ ကိုယ်
စားလှယ်ကို ပြော ဆို ရာတွင် " မြန်မာ စစ်တက္ကသိုလ် များ မှာ တော် သည် ၊ ထက်မြက်
သည် ဆိုပြီး ပို့ ဆောင် လိုက် သည့် ပညာတော်သင် များ သည် တရုတ် စစ်တက္ကသိုလ် များ
၏ လို အပ် သည့် အရည် အချင်း ကို ပြည့်မှီရန် အများ ကြီး လို အပ် နေ သည် ဟု တင်အောင်
မြင့်ဦး နှင့် အတူ လိုက်ပါ သည့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မြင့် ကို
ပြော ဆို လိုက်သည်။
၂၀၀ ခန့် ရှိ ပြီး ၎င်း တို့  အနက် ထက်ဝက် မှာ မြန်မာ က ၀ယ်ယူထား သည့် တရုတ် စစ်လက်
နက် ပစ္စည်း များ ၊ တိုက်လေယာဉ် နှင့် အခြား စစ်ဘက် သုံး ယာဉ် နှင့် ယန္တယား များ ကို ကိုင်
တွယ် ၊ ထိမ်းသိမ်း ပြု ပြင် နိုင်ရန် ရောက် ရှိ နေ ခြင်း ဖြစ်သည်။
ပညာ သင်ယူ မည် ဟု သတင်း များ ထွက် ပေါ် ခဲ့ သည်။
ဗိုလ်ချုပ်ကြီး လှမင်း က အင်ဒိုနီးရှား နှင့် မလေးရှား စစ်တက္ကသိုလ်များ ဉ် မြန်မာ စစ်တက္ကသိုလ်
မှ ကျာင်း သား များ တက်ရောက် ပညာသင်ကြား နိုင်ရန် အပူ တပြင်း ကမ်းလှမ်း နေရ သည်
ဟု မြန်မာ ၀ီကီလိခ် မှ သိရှိ ရသည်။
မြန်မာ စစ်တပ်က ပို့ ဆောင် စေလွှတ် သည့် သင်တန်းသားများ နှင့် ပညာတော် သင်များ
သွားရောက် သည့် နိုင်ငံ များ
တောင်ကိုရီးယား
မြောက်ကိုရီးယား
စင်္ကာပူ
ဗီယက်နမ်
ယူကရိန်း
ဘီလာရုစ်
အမေရိကန် ပြည်ထောင်စု
ဗြိတိသျှ
ယူဂိုဆလားဗီးယား
နှင့် ဥရောပ နိုင် ငံ အချို့ 
Saturday, October 22, 2011
"ဒီပရင်္ဂ"
ဒီပဲရင်း အဖြစ်အပျက်ကို ဖွဲ့ဆိုထားသည့် “ဒီပရင်္ဂ ” ကဗျာ
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြ...ို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့



