Thursday, September 29, 2011

ယန်စီမြစ်မှာ ရေနစ်ခြင်း

ကိစ္စမရှိဘူး

ဧရာဝတီမရှိလည်း

နွားခြေရာခွက်တွေထဲမှာ

ရေတွေရှိသေးသတဲ့……



အဲဒီခြေရာခွက်ထဲ

ရေတွေခမ်းသွားတော့ရော

ဘာအရေးလဲ



မထူးဇာတ်နဲ့

မေရီအင်တွိုင်းနက်စကတ်နဲ့

ကြပ်ပြေးဆိုတဲ့အရပ်မှာ

မြန်မာပြည်ရဲ့သမိုင်းကိုရေဆေးဖို့

လည်ချောင်းသွေးတွေရှိတယ်။ ။





သစ်ကောင်းအိမ်

(၁၂။ စက်တင်ဘာ။ ၂၀၁၁)



(မိုးမခမီဒီယာတွင် ကေမင်းထင် ကလောင်နဲ့

ရေးဖြစ်ခဲ့တဲ့ကဗျာတပုဒ်)