သဘာဝပတ်ဝန်းကျင်


Description: http://www.parks.ca.gov/pages/500/images/folsomdam.jpg

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 05 ရက်၊ 2011
VOA | Burmese
By ဦးကျော်ဇံသာ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် က မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း စိုးရိမ်စရာရှိနေသေးတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ပါမောက္ခအငြိမ်းစား ဦးညွှန့်မောင်၊ ဒေါက်တာဒေါ်လှကျော်ဇော တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြစ်ဆုံမှာ ရေကာတာတည်ဆောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီလုပ်ဆောင်မှုကို ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို လူတော်တော်များများက ကြိုဆိုသင့်တယ်လို့ ပြောဆိုကြပါတယ်။ ဆရာတို့လည်း ကြိုဆိုလိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဒီလောက်ရပ်ထားလိုက်တာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်ပြားမှု အတော်လေးသက်သာသွားပြီးလို့ ဆိုနိုင်ပါသလား။ ရှေ့ ဆက်ပြီး ဘာတွေကြည့်ရမလဲ။ ကျန်တဲ့ ရေကာတာအသေးတွေတော့ ဆောက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဦးညွှန့်မောင် ။ ။ ကျနော်အနေနဲ့ကတော့ မြစ်ဆုံကို မဆောက်တော့ဘူးလို့ သမ္မတကြီးရဲ့  ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသား ကြိုဆိုပါတယ်။ မြစ်ဆုံတခု မဆောက်တော့ပေမယ့် တခြားနေရာတွေ လုပ်လို့ရှိရင် ဖြစ်လာမယ့် impact တွေကလည်း ရှိပါသေးတယ်။ ပတ်ဝန်းကျင် ethnic အရ လူ့ကျင့်ဝတ်အရ ဒေသခံတွေက တစုံတခုသော အကျိုးအမြတ်ကို ရရှိရမှာဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့ ခေါ်တာကတော့ benefit sharing လို့ ခေါ်ပါတယ်။ အဲဒါကြောင့် လျှပ်စစ်ရောင်းချလို့ရတဲ့ ငွေထဲက တစုံတခုသောရာခိုင်နှုန်းကို ဒေသခံများအတွက် လူမှုစီးပွားရေး ရန်ပုံငွေ socioeconomic fund အဖြစ် စုဆောင်းထားပြီးတော့ အဲဒီ ကချင်ဒေသမှာ လူမှု့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အစီအမံတွေနဲ့ ဆောင်ရွက်သင့်ပါတယ်လို့ ကျနော်ကတော့ အကြံဥာဏ်ပေးချင်ပါတယ်။ ပြီးတော့ ကျနော်တို့က အခုဟာကတော့ CPI ကလည်း ပြောသွားပါတယ်။ သူတို့က အနှစ် (၅၀) ဒါကိုပြီးမှ မြန်မာနိုင်ငံကို လွှဲခဲ့မှာဆိုတော့ အနှစ် (၅၀) ဆိုရင် dam တခုရဲ့  သက်တမ်းဟာ ကုန်ပြီလို့ နားလည်းပါတယ်။ အဲဒါ ဒီကော်မရှင်လုပ်ရမှာ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီဟာကိုလည်း ပြန်လည် စမ်းစစ်ဖို့ လိုပါလိမ့်မယ်။ မြစ်ဆုံ dam မဆောက်လိုက်တဲ့အတွက် မြစ်ဆုံ dam က ထွက်မယ့် လျှပ်စစ်က မီဂါဝက် - ကျနော်တို့တုန်းက ပြောထားတာကတော့ လေးထောင်တစ်ရာ လို့ ပြောထားတယ်။ အခုတော့ ခြောက်ထောင်လို့ ပြောကြတယ်။ အဲဒီဟာကို မရတော့ဘူး ထားပါတော့။ ဟိုဘက်က ကျန်တဲ့ ဆည် ခြောက်ခုကနေ ရမယ့် လျှပ်စစ်တွေက ရှိပါသေးတယ်။ အဲဒီ လျှပ်စစ်ကို ရောင်းတဲ့အခါမှာ အဲဒီ dam တွေကလည်း သက်တမ်း (၅၀) ဆိုလို့ရှိရင် ဒါကို ဒီ (၅၀) ကတော့ မဖြစ်သင့်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်နိုင်ငံက လာအိုမှာ ဆောက်တဲ့ dam ဆို အနှစ် (၃၀) ယူတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု နိုင်ငံတွေအတော်တော်များများမှာ တိုင်းပြည်တွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စွမ်းအင်တွေရရှိဖို့ သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ကိစ္စ ဒီနှစ်ခုဟာ ပြဿနာအဖြစ် အငြင်းပွားစရာအဖြစ် ရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ အရှိန်အဟုန် အပြင်းထန်ဆုံးနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် သဘာဝအရင်းအမြစ်တွေကို စတေးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာဘယ်လောက်အထိ ကြီးကြီးမားမား ဖြစ်ခဲ့ဘူးပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ သဘာဝပတ်ဝန်းကျင် ပြဿနာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့က ပဋိပက္ခတစုံဖြစ်တယ်။ အဲဒီ ပဋိပက္ခကို ဆက်စပ်ပြီးတော့ ဖြေရှင်းကြရတာပဲ။ ဘယ်ဟာက ပိုကောင်းမလဲဆိုတာပေါ့။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမများဘဲနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကြံဆကြရတာပဲ။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီး ဖြစ်ပါတယ်။ ဟိုတလောတုန်းက Sichuan မြေငလျင်ကြီး လှုပ်တာတောင်မှ မြစ်ကျဉ်း (၃) သွယ်မှာ ရေကာတာကြီး ဆောက်လို့ဖြစ်တယ်ဆိုပြီး သဘာဝပတ်ဝန်းကျင်သမားတွေက တော်တော်ပဲ ပြောကြဆိုကြပါသေးတယ်။ အစိုးရကိုယ်တိုင် ရှင်းရလင်းရတာတွေ ရှိပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ အများကြီးပါ။ ဟိုတလောတုန်းက မြေပြိုပြီး လူတွေတော်တော်သေကြတယ်။ အဲဒါလည်း မြစ်တလျှောက်မှာ ဆည်တွေဆောက်တာ သိပ်များသွားလို့ မြေတွေပြိုတယ်ဆိုပြီ ပြဿနာဖြစ်ပါတယ်။ အဲဒီတော့ တရုတ်ပြည်မှာလည်း ပြဿနာတွေ တော်တော်များများ ဖြစ်နေတာ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ဒေါ်လှကျော်ဇော ပြောတဲ့ မြစ်ကျဉ်း (၃) သွယ် ရေကာတာကြီးနဲ့ ပတ်သက်ပြီးတော့ အခုအခါမှာ အဲဒီ ရေကာတာ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ပိုင်ကတောင် ပြန်ပြီးစဉ်းစားသင့်တယ်။ နောင်တရတဲ့ သတင်းတွေ ထွက်နေတာကို ကြားသိရပါတယ်။ အဲဒါ ဘယ်လောက်မှန်ပါသလဲ။

ဒေါ်လှကျော်ဇော ။ ။ တရုတ် အစိုးရဘက်ကတော့ ဒါတွေက မဟုတ်ပါဘူးလို့ ပြန်ဖြေရှင်းတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက တရုတ်အစိုးရကို အပြစ်တင်နေတာပါ။ တရုတ်အစိုးရကို အခုနပြောသလို ပြန်လည်ပြီးတော့ စဉ်းစားကြဖို့၊ ဘာတို့ဆိုပြီး အပြန်အလှန် အင်တာနက်ထဲမှာ ဆွေးနွေးနေကြတာ။ အဲဒါတော့ ရှိတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်နေတာက သူတို့လုပ်ဆောင်ချက်က မှန်ပါတယ်ဆိုတဲ့အကြောင်း။ ရေရှည်တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောနေတယ်။ အခုလည်း မနေကထင်တယ် တွေ့လိုက်တယ်။ သူတို့ တောင်ပိုင်းကရေတွေကို မြောက်ပိုင်းရွှေ့ တဲ့ကိစ္စမှာလည်း သူတို့ ဒီလိုပဲ ဆက်လုပ်နေတာပဲ။ သဘာဝပတ်ဝန်းကျင်သမားတွေကလည်း ပြောနေတာပဲ။ လုပ်တဲ့လူကလည်း လုပ်နေတာပဲ။ သိန်းနဲ့ချီပြီး လူတွေကို ရွှေ့ ပြောင်းနေတာပဲ။ တောင်ပိုင်းကရေကို မြောက်ပိုင်းရွှေ့ တယ်ဆိုပြီး တူးမြောင်းတွေ ဖောက်နေတာ။ အဲဒီလမ်းမှာရှိတဲ့ လူတွေကို အကုန်လုံး နေရာဒေသပြောင်းပြီး၊ ရွှေ့ ပြီး relocate လုပ်ကြတယ်။ အဲဒီကိစ္စတွေ တယ်လီဗေးရှင်းမှာ ပြနေတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံမှာ ဒီလို ပြဿနာတွေရှိရသားနဲ့ ဗမာနိုင်ငံမှာလာပြီး ဧရာဝတီမြစ်ဆုံမှာ ရေကာတာကြီးတည်ဆောက်ဖို့ လုပ်တာက သူတို့ပြဿနာကို ဒီဘက် သက်သက်ပို့နေသလိုပဲ။ ဗမာပြည်ဘက်က နစ်နာတာကို မငဲ့ကွက်ဘူး။ ကိုယ်ချင်မစာ လုပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

ဒေါ်လှကျော်ဇော ။ ။ တရုတ်ကိုတော့ ဒီလိုပဲ ဝိုင်းစွပ်စွဲနေကြတယ်လေ။ အာဖရိကတိုက်မှာလည်း ဒီလိုပဲ အပြောခံနေရတာပဲ။ အဲဒီတော့ အပြောအဆိုတော့ ခံရမှာပဲ။ တရုတ်ကလည်း သူ့နိုင်ငံကနေ အပြင်ထွက်ပြီး အဲဒီ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ ကုမ္မဏီတွေကိုတော့ သေသေချာချာ တောင်းဆိုတာပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ထိန်းသိမ်းဖို့။ အဲဒီနိုင်ငံရဲ့  တရားဥပဒေကို စောင့်ရှောက်ဖို့ ဘာဖို့ညာဖို့ သူပြောနေတာပဲ။ ဒါပေမဲ့ သူ့နိုင်ငံမှာတောင် သူမနိုင်ပါဘူး။ သူ့နိုင်ငံမှာလည်း တချို့  လုပ်ငန်းရှင်တွေက လုပ်ချင်ရာလုပ်တာပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာဦးညိုမောင် … ဒေါ်လှကျော်ဇော ပြောအရဆိုရင်တော့ သူတို့ဆီမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အများကြီး သတိထားဆောင်ရွက်ကြတယ်။ အဓိက ပြဿနာဖြစ်နေတယ်လို့ ဆိုပါတယ်။

ဦးညွှန့်မောင် ။ ။ ဒါကတော့ ဒီလိုရှိပါတယ်။ တရုတ်နိုင်ငံအနေနဲ့က သူတို့ရဲ့  going out strategy ခေါ်တဲ့ သံယံဇာတ ကို ပြင်ပထွက်ရှာတဲ့ဟာကို တရုတ်အစိုးရ အားပေးနေတဲ့အချိန်။ တရုတ်ကုမ္မဏီတွေကလည်း သဘာဝသံယံဇာတတွေကို တိုင်းပြည်ပြင်ပထွက်ပြီး ရှာတဲ့အချိန်နဲ့ ကျနော်တို့ကလည်း သဘာဝသံယံဇာတဖြစ်တဲ့ ကျနော်တို့ဆီကထွက်မယ့် လျှပ်စစ်ကို စီးပွားရေးအရ ရောင်းမယ်ဆိုတဲ့ idea ဖြစ်နေတဲ့အချိန်နဲ့ လာတိုက်ဆိုင်တယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ကျနော်ကြားဘူးတာက တရုတ်နဲ့ မြန်မာဆိုတာ နယ်ချင်းကပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ။ အဲဒီတော့ သဘာဝပတ်ဝန်းကျင် ယိုးယွင်းပျက်စီးမှုဆိုတာ နယ်ခြားမရှိဘူး။ ဒီဘက်နယ်စပ်မှာပဲ မိုးခေါင်ပါစေ။ သစ်တောတွေပြုန်းတီးလို့ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ အဲဒီလို့ ပစ်ထားလို့ မရဘူး။ တနေရာမှာဖြစ်ရင် အကုန်လုံး ဝိုင်းပြီးဖြစ်တာပဲဆိုတဲ့ အယူအဆမျိုး ကြားဘူးပါတယ်။ တရုတ်တွေက ဒါကို သတိမထားဘူးလား။

ဦးညွှန့်မောင် ။ ။ ဒါက ကျနော်တို့ ပတ်ဝန်းကျင် သိပ္ပံပညာမှာ သီအိုရီအရ ရှိပြီးသာဖြစ်တဲ့အတွက် တရုတ်ပညာရှင်တွေ ဒါကို သိလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ တရုတ်ပညာရှင်တွေက ဆရာတို့နဲ့ မြစ်ဆုံကိစ္စတုန်းက သူတို့လည်း ပါတာပဲ။ သူတို့က ဘာဖြစ်လို့ ဆက်လုပ်ဖို့ စဉ်းစားသလဲ။ စီးပွားရေးသမားတွေက ထားပါတော့။

ဦးညွှန့်မောင် ။ ။ အမြင် opinion တွေက တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစားတဲ့အခါမှာ လူတဦးချင်းရဲ့  ခံစားချက် feeling မတူရင်လည်း မတူနိုင်ပါဘူး။ နောက်ပြီးတော့ believe ယုံကြည်မှု။ ယုံကြည်မှု မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုက မြတ်နိုးတန်းဖိုးထားမှု value မတူရင်လည်း မတူနိုင်ပါဘူး။ နောက်တခုကတော့ အကျိုးစီးပွား interest မတူလို့ရှိရင်လည်း မတူနိုင်ပါဘူး။ နောက် ပညာဥာဏ်ရည်လို့ခေါ်တဲ့ intellect မတူလို့ရှိရင်လည်း အမြင်တွေက မတူနိုင်ပါဘူး။ အဲဒီတော့ တရုတ်ပညာရှင်တွေနဲ့ ကျနော်တို့ ပညာရှင်တွေနဲ့ မတူနိုင်တာက ဘာလဲဆိုရင် သူတို့က ကျနော်တို့လို့ ခံစားချက်ရှိမှာ မဟုတ်ဘူး။ ဒါကို ကျနော် အရမ်းပြောတာ မဟုတ်ပါဘူး။ မြစ်ဆုံနားကို လေ့လာစဉ်မှာ ကျနော်ကပြောပါတယ်။ ကျနော်က မြစ်ဆုံကမ်းမှာရှိတဲ့ ဘုရားကို ငေးပြီး ကျနော့်ဘေးမှာရှိတဲ့ တရုတ်ပညာရှင်ကို ပြောပါတယ်။ ဒီ ဘုရားရေမြုပ်တဲ့အထဲ ပါသွားမှာလို့ ပြောတဲ့အခါ သူက ဘာပြောသလဲဆိုရင် - ငါတို့ မင်းတို့ဘုရားကို ပြန်ဆောက်ပေးမှာပါ။ မင်း မပူပါနဲ့။ အဲဒီဟာကို ကျနော် ဘာသိလိုက်လည်းဆိုရင် ကျနော်တို့ရဲ့  cultural value ကို သူက ဘယ်လိုမှ မခံစားနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် သူက ဗမာမှ မဟုတ်တာ။ နောက်ပြီးတော့ ကျနော်တို့က ဘုရားအပေါ်မှာ ယုံကြည်မှု ရှိပေမယ်လို့ သူတို့က ဘယ်ယုံကြည်မှု ရှိပါမလဲ။ သူတို့က ဘာသာတရားမှ မရှိဘဲနဲ့။ နောက်ပိုင်း သိရတာက သူတို့မှာ religion မရှိဘူးဆိုတာကို သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့ တန်းဖိုးထားမှု၊ ယုံကြည်မှု၊ ခံစားချက်၊ ဘယ်လိုအကျိုးစီးပွားရမယ်ဆိုတာ ကျနော်တို့ မျှော်မှန်းချက်နဲ့ သူတို့ မျှော်မှန်းချက် မတူတဲ့အခါကြတော့ အမြင်တွေ မတူတာလို့ ဒီလိုပဲ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဒေါ်လှကျော်ဇော - တရုတ်နိုင်ငံသမိုင်းထဲမှာ ဘာတွေ့ရသလဲဆိုတော့ တရုတ်နိုင်ငံမှာ နိုင်ငံရေးနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးဟာ အတော်လေး ဆက်စပ်နေပါတယ်။ မြစ်ဝါမြစ်ဝှမ်းမှာ တည်ဆောက်ခဲ့တဲ့ ယဉ်ကျေးမှု။ မြစ်ဝါမြစ် ရေလျှံတဲ့အခါမှာ ယဉ်ကျေးမှုပျက်သွားတယ်။ အဲဒီအခါမှာ ကောင်ကင်က Mandate of Heaven ကို ရုတ်သိမ်းသွားပြီ။ အဲဒီမှာ အစိုးရကို တော်လှန်ပုန်ကန်ခွင့်ရှိတယ်။ Rights of Revolution ဆိုတာ စပေါ်ခဲ့တယ်။ အဲဒီတော့ မြစ်ကြောင်းကို ပြန်လည်ထိန်းသိမ်းနိုင်သူဟာ ဘုရင်ပြန်ဖြစ်လာတယ်။ မင်းဆက်သစ်တခု လွန်လာတယ်။ အဲဒီလို dynastic circle လို့ ခေါ်တာပေါ့။ အဲဒီလို နိုင်ငံရေးအားဖြင့် မြစ်ကြောင်းကို ထိန်းသိမ်းနိုင်မှုဟာ အစိုးရရဲ့  စွမ်းရည်တရပ်လို့ တရုတ်သမိုင်းမှာအဖြစ် သတ်မှတ်ခဲ့တာရှိပါတယ်။ အဲဒီအစဉ်အလာရဲ့  လွမ်းမိုးမှု ကျန်သေးတယ်ဆိုရင် မှန်ပါသလား။

ဒေါ်လှကျော်ဇော ။ ။ သူတို့ကတော့ သဘာဝပတ်ဝန်းကျင် သူတို့နိုင်ငံအတွက် တော်တော်ဂရုစိုက်တာပဲ။ လုပ်ပါတယ်။ အခုန မြစ်ကြောင်းထိန်းသိမ်းရေးတွေ ဘာတွေလည်း အများကြီးလုပ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာသူတို့လည်း သိပ်မနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်က သိတဲ့အတိုင်းပဲ အရင်းရှင်စနစ်နဲ့ ပူးတွဲပြီး အရင်းရှင်စနစ်ကို ချော့ပြီး၊ လုပ်ငန်းရှင်တွေကို ချော့ပြီး လုပ်ကိုင်လည်ပတ်နေရတဲ့ ဘဝဖြစ်နေတယ်။ သူ့အနေနဲ့က အရင်းရှင်စနစ်၊ လုပ်ငန်းရှင်တွေ ကောင်းကောင်းလည်ပတ်နိုင်မှသာ သူ့တိုင်းပြည်ရဲ့  အလုပ်လက်မဲ့ပြဿတို့၊ ဘာတို့ညာတို့ကို ဖြေရှင်းနိုင်မှာ။ အဲဒီအခါကြတော့ ဒီလုပ်ငန်းရှင်တွေကို တော်တော် မျက်နှာပေး ဆက်ဆံနေရတာတွေ ရှိတယ်။ ချော့ပေါင်းနေရတာပေါ့။ လုပ်ငန်းရှင်ဆိုတာကလည်း သူ့ရင်းနှီးမြုပ်နှံထားရင် ဒီဟာက အကျိုးအမြတ်ရဖို့အတွက်ပဲ စဉ်းစားတာကို။ ဒီကြားထဲ ဒေသဆိုင်ရာ အရာရှိတွေထဲက အကျင့်ပျက်တဲ့လူ၊ လာဘ်ယူတဲ့လူတွေနဲ့ ပေါင်းပြီးတော့ လုပ်ချင်တာတွေ လုပ်နေတာ သူတို့မှာလည်း ပြဿနာတွေ အများကြီး ရှိနေပါတယ်။


အဖျက်အင်အားကြီးမားသော နာဂစ်ဆိုက်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် အသက်ဆုံးရှုံးရပြီး၊ သို့မဟုတ် အများအပြား ပျောက်ဆုံး သွားခဲ့ကြရခြင်း၊ ၂၀၀၄ ခုနှစ်တွင် ဆူနာမီ ရေလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ ကြရခြင်းကြောင့် ဒီရေရောက်လမုတောများ အရေးပါပုံကို ကမ္ဘာက အသိအမှတ်ပြုမိလာကြသည်။ ၎င်းလမုတောများ သည် ဒီရေရုတ်တရက်မြင့်တက်လာမှုကြောင့် သေကြေပျက်စီးရမှုကို ကာကွယ်ပေးပြီး လျော့နည်းကျဆင်းစေသည်။ လမု တောများသည် မုန်တိုင်းကြောင့် ဖြစ်လာသည့် ဒီရေရုတ်တရက်မြင့်တက်ခြင်းကို ကာကွယ်ပေးထားသည့် သဘာဝ အတား အဆီးဖြစ်ပြီး လူများ၏ နေအိမ်များကို ကာကွယ်ပေးသည်။ ကမ်းခြေအတွင်းပိုင်းရှိ လယ်ယာမြေများ၏ ထုတ်လုပ်မှုကို လည်း တိုးတက်စေသည်။

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/mangroves.jpgဆိုက်ကလုန်း မုန်တိုင်းများနှင့် ရေလှိုင်းဒဏ်မှ ကာကွယ်မှုပေးရုံသာမက လမုတောများက မြစ်ရေများက သယ်ဆောင်လာ ကြသည့် မြေဆီအာဟာရများကိုလည်း အနယ်ထိုင်စေ၍ ပြန်လည်သန့်စင်ပေးသည်။ ၎င်းသည် မြစ်ဝကျွန်းပေါ်ဒေသ ဂေဟစနစ်တွင် ထူးခြားအရေးပါသည့် ကဏ္ဍမှနေ၍ တာဝန်ယူ ဆောင်ရွက်ပေးလျှက် ရှိသည်။ ကမ္ဘာ့ သဘာဝတောရိုင်း များ ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ (IUCN) ၏ အဆိုအရ လမုတောများရှိသည့် ပင်လယ်နှင့်ဆုံရာ မြစ်ဝများသည် လမုတော မရှိသည့် ကမ်းခြေမြစ်ဝများထက် ထုတ်လုပ်နိုင်မှုစွမ်းအား ၄-၅ ဆမျှ ပို၍ များသည်ဟု ဆိုသည်။ လမုတောများ သည် ဇီဝသတ္တသဘောအရ ကြွယ်ဝစွာရှိနေခြင်းကြောင့်လည်း ပို၍ အလေးထားကြသည်။

ဝါရှင်တန်အခြေစိုက် ဒီရေရောက် လမုတောများဆိုင်ရာ လှုပ်ရှားမှု စီမံချက် (Mangrove Action Project) အဖွဲ့၏ အဆို အရ မြန်မာနိုင်ငံရှိ သုတေသနပြုသူများက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေရောက်လမုတောများ၏ ၈၂. ၇၆% မှာ ၁၉၂၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ဆုံးရှုံးပျက်စီးခဲ့ရသည်ဟု လေ့လာတွေ့ရှိကြောင်း ဆိုကြသည်။ ဤအခြေအနေမှာ ကမ္ဘာ တခုလုံးတွင် ဒီရေရောက်လမုတောများ ဆုံးရှုံးလာနေခြင်းနှင့် ပတ်သက်၍ သတိပေးလှုံ့ဆော်နေမှုနှင့်လည်း ကိုက်ညီနေ သည်။ လူများ တိုးချဲ့နေထိုင်လာကြခြင်း၊ လမုတောများကို မီးသွေးဖုတ်ရန်၊ ထင်းအဖြစ်သုံးရန် ခုတ်ကြခြင်း၊ ပုဇွန်ကန်များ တည်ဆောက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဒီရေရောက်တောများ ဆုံးရှုံးပျက်စီးနေကြရသည်။ အများအားဖြင့် ဧရာဝတီမြစ် ၀ကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းဒေသများတွင် ပျက်စီးဆုံးရှုံးနေကြရခြင်း ဖြစ်သည်။

ဒီရေရောက်လမုတောများသည် ဆားငန်ရေမဟုတ်သော မြစ်မှစီးဆင်းလာသည့် ရေချိုကိုသာ မှီဝဲသောကြောင့် ရေချိုရရှိမှု ပမာဏ ၎င်းအပင်များ၏ အမြစ်များတွင် လျှော့နည်းလာသည်နှင့်အမျှ လမုတောများ ခြောက်သွေ့လာကြမည် ဖြစ်သည်။ ထို့အပြင် ဆားငန်ရေများ တိုး၍၀င်လာကြသောကြောင့်၊ မြေများ တိုက်စားဆုံးရှုံးရမှုကြောင့်လည်း ထပ်၍ ပျက်စီးဆုံးရှုံးရ ဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ ဒီရေရောက်လမုတောများအကြောင်း ပိုမိုသိရှိလိုပါက အောက်ပါ အင်တာနက်စာမျက်နှာတွင် ကြည့်ရှုနိုင်သည်။
http://www.worldwildlife.org



ဆည်တည်ဆောက်မှုကြောင့် ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှုကို ထိခိုက်ခြင်း၊ တံငါငါးဖမ်းလုပ်ငန်းများ၏ ရပ်တည်မှု ကို ထိခိုက်ခြင်း၊ သစ်တောများ၊ ရေစီးဆင်းမှု (မြစ်ကြောင်းစီးဆင်းမှု) များကို ပြောင်းလဲသက်ရောက်စေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြစ်များအဖွဲ့ (International Rivers) က ခန့်မှန်းဖော်ပြရာတွင် ဆည်တည်ဆောက်မှုများကြောင့် ဖန်လုံအိမ် အာဏိသင်ဓါတ်ငွေ့များ ထွက်စေကာ ကမ္ဘာကြီးပူနွေးစေမှုကို ၄၀% အထိ ဆိုးကျိုးသက်ရောက်စေသည်ဟု ဆိုပါသည်။ ဆည်တည်ဆောက်၍ ဖြစ်လာသော သစ်ပင် အရွက်များ ပုတ်သိုးဆွေးမြေ့မှုကြောင့် ဖန်လုံအိမ်အာဏိသင် ဓါတ်ငွေ့များ ထွက်လာစေခြင်း ဖြစ်ပါသည်။

ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှု

မြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်မည့်ဒေသများသည် ကမ္ဘာက ဇီဝသတ္တမျိုးကွဲ စုံလင်ထွေပြားမှုအတွက် တန်ဖိုးထား နေကြရသော နေရာများဖြစ်ပြီး၊ စနစ်တကျ သုတေသနပြု လေ့လာရခြင်းလည်း မရှိသေးပါ။ ဆည်ရေလွှမ်းမိုးမှုကြောင့် ဤသို့တန်ဖိုးရှိသည့် ဇီဝသတ္တမျိုးကွဲများ ဆုံးရှုံးကြရမည် ဖြစ်ပြီး၊ လူများ ပြောင်းရွှေ့အခြေချရမှုကြောင့်လည်း ကျန်ရှိနေ သည့် တောကောင်များ မှီခိုနေထိုင်ရာနေရာများကို ဆိုးကျိုးဖိစီးမှု သက်ရောက်စေမည် ဖြစ်ပါသည်။ မြစ်များကိုယ်၌သည် ပင်လျှင် မျိုးစုံလှသည့် ဇီဝသတ္တများကို ထိန်းသိမ်းပေးထားရာ နေရာ ဖြစ်ပါသည်။ ဥပမာအားဖြင့်-သံလွင်မြစ်တွင် ငါးမျိုး ပေါင်း ၁၄၃ မျိုး ရှိနေပြီး၊ ၎င်းတို့အနက် ၄၇ မျိုးမှာ ရှားပါးမျိုးစိတ်များ ဖြစ်ပါသည်။

တည်ဆောက်ရန် လျာထားသည့်
ဧရာဝတီမြစ်/ မေခ/ မလိခမြစ်ဆည်များ သည် ကမ္ဘာ၏ အရေးအပါဆုံး ဇီဝသတ္တမျိုးကွဲ များ စုံလင်ထွေပြားရာဖြစ်သည့် အရေးအပါဆုံးနေရာတွင် တည်ရှိနေပါသည်။ ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ) တွင် တည်ရှိနေပြီး၊ ခြိမ်းခြောက်မှု အထူးကြုံတွေ့နေရသည့် ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင် ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍ မူလ ပေါက်ဖွားသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ဆည်တည်ဆောက်မှုကြောင့် မျိုးတုန်း ပျောက်ကွယ်သွားရနိုင်ပါသည်။ ၎င်းရေချို လင်းပိုင်ငါးများသည် ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။

ဝဲကြီးဆည်ဟတ်ကြီးဆည် နှင့် ဒါးကွင်းဆည် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးခံရမည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည် နယ် မုတ်သုန်သစ်တော ဒေသများကို ကမ္ဘာကပင် ဇီဝသတ္တမျိုးကွဲစုံလင်လှသည့် ဒေသဟု အသိအမှတ်ပြုထားကြရပါ သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ခိုးကေ လေ့လာမှု (Khoe Kay study) အရ ၀ဲကြီးဆည်တည်ဆောက်မည့် သံလွင် မြစ်အနီး၌ အပင်မျိုးစိတ်ပေါင်း ၁၉၄ ခုနှင့် တိရိစ္ဆာန်အမျိုးပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် တွင် ရှားပါးမျိုးတုန်းတော့မည့် တိရိစ္ဆာန်အမျိုးပေါင်း ၄၂ မျိုးလည်း ပါဝင်ပါသည်။ အခြားရှားပါး ပျောက်ကွယ်နိုင်သည့် မျိုး စိတ်မည်မျှ ရှိသည်ကို မသိနိုင်ပါ။

ထမံသီဆည် တည်ဆောက်မှုကြောင့်လည်း ကမ္ဘာပေါ်တွင် ရှားပါးနို့တိုက်သတ္တ၀ါကြီးများ နေထိုင်ရာသစ်တောများသည် လည်း ရေလွှမ်းမိုးနစ်မြုပ်သွားတော့မည် ဖြစ်ပါသည်။ ယခုအခါ တကမ္ဘာလုံး၌ ရှားပါးနေပြီဖြစ်သည့် နို့တိုက်သတ္တ၀ါများ ဖြစ်သော Panthera tigris ကျားများ၊ Elephus maximus ဆင်များ၊ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် အခွံမာ Kachuga travittata လိပ်များ ပါဝင်ပါသည်။ အခြားနေရာ များတွင် မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်ကို မသိကြရသော် လည်း ဤနေရာများမှ အပြီးတိုင် ပျောက်ကွယ်ဆုံးရှုံးကြရတော့မည် ဖြစ်ပါသည်။

ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဂေဟဗေဒစနစ်၏ တည်မြဲနေမှုကို ထိခိုက်ပျက်စီးစေပါသည်။ မြစ်ကြောင်း၏ ဂေဟ ဗေဒစနစ်ကိုလည်း အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ပြိုကွဲစေပါသည်။ ဆည်၏ အထက်ဖက်နှင့် အောက်ဖက်တွင် နေထိုင်ကြ သည့် တိရိစ္ဆာန်မျိုးစိတ်များကိုလည်း ပိုင်းခြားလိုက်သည့်နှယ် ရှိစေပါသည်။ ပြောင်းရွှေ့သားပေါက်ရာ ငါးများ၊ တိရိစ္ဆာန်မျိုး စိတ်များကို၏ ခရီးသွားလာမှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး မျိုးရိုးဗီဇအစုကို လျှော့စေပါသည်။ ဆည်များကြောင့် မြစ်အထက်ပိုင်းရှိ စားကျက်ခိုလှုံရာများကို ရေနစ်မြုပ်စေပြီး၊ မြစ်အောက်ပိုင်းတွင် ရာသီအလိုက် သဘာဝရေစီးဆင်းမှု၊ မြစ်ကြောင်းများကို ပြောင်းလဲစေပါသည်။ မြစ်အောက်ပိုင်းရှိ သဘာဝအရ မြေဆီနုံးတင်မှုကိုလည်း ပြောင်းလဲထိခိုက်စေပါ သည်။ ထို့အပြင် ဆည်များကြောင့် ငါးများပြောင်းရွှေ့သားပေါက်ရာ လမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေပြီး၊ သားပေါက် ရာနေရာကို မရောက်နိုင်တော့ဘဲ ဖြစ်စေပါသည်။

သစ်တောများ

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/hardwoodlogs.pngမြန်မာနိုင်ငံတွင် ဆည်များတည်ဆောက်ခြင်းကြောင့် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိနေသော မုတ်သုန်တောများ ရေမြုပ် သွားမည့်အရေး စိုးရိမ်ဖွယ် ခြိမ်းခြောက်မှု ဖြစ်လာစေပါသည်။ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် သစ်တော ဖုံးလွှမ်းဧရိယာ ၁၈% ပျောက်ဆုံးခဲ့ရပါသည်။ ကမ္ဘာပေါ်တွင် သစ်တောဆုံးရှုံးမှုနှုန်း အမြင့်ဆုံး ဖြစ်နေပါသည်။ ရေလွှမ်းမိုး နစ်မြုပ်မည့် အရေးသာမက လမ်းများဖောက်လုပ်ခြင်း၊ လူများ ပြောင်းရွှေ့ရခြင်းကြောင့် သစ်တောများအပေါ် ပို၍ဖိစီးရန် အကြောင်းများ ဖြစ်လာစေသည်။ သစ်များပို၍ ခုတ်ခြင်း၊ လူများ အခြေချနေထိုင်ရာ ရွာများတည်ခြင်း စသဖြင့် ယခင်က မထိမတို့ရှိနေခဲ့သည့် သစ်တောများ ဆုံးရှုံးရဖွယ် ရှိပါသည်။



ငါးဖမ်းလုပ်ငန်းများ

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/fisheries.gifငါးများ ရွှေ့ပြောင်းသားပေါက်သည့် လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သောကြောင့် ငါးများ သားပေါက်ရာ မြစ်အထက် ပိုင်းသို့ မရောက်နိုင်ကြတော့ပါ။ သို့အတွက်ကြောင့် မြစ်အောက်ပိုင်းတွင် ငါးဖမ်းလုပ်ငန်းများအတွက် ဆိုးကျိုးမှာ ထင်ရှား သိသာလှပါသည်။ ဆည်များကြောင့် ငါးအမျိုးများလည်း လျှော့နည်းကျဆင်းလာပါသည်။ ဥပမာအားဖြင့်- အရှေ့တောင် အာရှမြစ်များဆိုင်ရာ ကွန်ရက်အဖွဲ့ (Southeast Asia Rivers Network) ၏ အဆိုအရ ငါးမျိုး ၅၀ မှ ၁၀၀ အထိ ပျောက် ဆုံးသွားရကာ ကျန်ရှိနေသောငါးအမျိုးများသည်လည်း ဦးရေကျဆင်းလာပါသည်။ ထိုင်းအစိုးရက နိုင်ငံ၏အရှေ့မြောက်ပိုင်း ဒေသ၌ ပက်မွန်းဆည် (Pak Mun dam) တည်ဆောက်ပြီးနောက်ပိုင်း ဤသို့တွေ့ရှိခဲ့ရသည် ဆိုပါသည်။

"ကမ္ဘာတ၀ှမ်းလုံးတွင် ဆည်များတည်ဆောက်မှုကြောင့် တွေ့ရှိရသော အစီရင်ခံချက်ရလဒ်တခုမှာ မြစ်အောက် ပိုင်းဒေသများ၌ ငါးဦးရေ လျှော့ကျသွားခြင်းပင် ဖြစ်ပါသည်။" - ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်


ရေစီးဆင်းမှု ပြောင်းလဲခြင်း

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/waterflows.gifဆည်များကြောင့် ရာသီအလိုက် သဘာဝအရ ရေကြီးခြင်း၊ ရေဆင်းခြင်း ပုံစံကို ပြောင်းလဲစေပါသည်။ ရေများ၏ အနယ် အနှစ်ပြန်လည် ဖြည့်ဆည်းမှုပုံစံနှင့် မြစ်အောက်ပိုင်းရှိ မြစ်၏ရေဝေဒေသများနှင့် နုံးတင်မြေနုဒေသများတွင် မြေဆီသြဇာ အနယ်ကျမှုကို ပြောင်းလဲထိခိုက်စေပါသည်။ သို့အတွက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများနှင့် ငါးဖမ်းရရှိမှုကိုလည်း ထိခိုက်စေပါသည်။ အထူးသဖြင့် မြစ်အထက်ပိုင်းတွင် ဆည်ကိုရေဖြည့်သော အချိန်၌ မြစ်အောက်ပိုင်းတွင် ရေချိုများစီး ဆင်းမှု လျှော့နည်းသွားပါသည်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေဆင်းနည်းလာခြင်းကြောင့် ပင်လယ်ဆားငန်ရေ၀င်လာ ခြင်းများ ဖြစ်နိုင်ပြီး၊ မြစ်ဝှမ်းဒေသ၏ ဂေဟဗေဒစနစ်ကို ပြောင်းလဲစေနိုင်ပါသည်။ စိုက်ပျိုးသီးနှံများကိုလည်း ထိခိုက်ဖွယ်ရှိ နေပါသည်။ သဘာဝအရ မဟုတ်သည့် ရေမျက်နှာပြင် အနိမ့်အမြင့်ပြောင်းလဲခြင်းကြောင့်လည်း ရွှေ့ပြောင်းသားပေါက် သည့် ငါးမျိုးစိတ်များကို အနှောက်အယှက်ဖြစ်စေပါသည်။ ထို့ကြောင့် ငါးအရေအတွက်လျှော့ကျလာခြင်းနှင့် နောက်ဆုံး ငါးမျိုးများ တုန်းသွားရသည်အထိ အန္တရာယ်ရှိစေနိုင်ပါသည်။
Posted by angellay at 8:02 PM
မြန်မာနိုင်ငံ၏ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၅ ခုကြောင့် မြစ်ဝဒေသ၊ မြစ်အောက်ပိုင်းတွင် နေထိုင်နေကြ သည့် သန်းတ၀က်ကျော်ရှိ ပြည်သူများ၏ ဘ၀နေထိုင်မှု ပုံစံများသည် လုံးဝပြောင်းလဲသွားရတော့မည့် အန္တရာယ်ရှိနေပါ သည်။ သံလွင်မြစ်ဝတွင်နေထိုင် ကျက်စားကြသည့် သက်ရှိများသည့် ထူးခြားသည့် ဂေဟစနစ်ဝန်းကျင်တွင် နေထိုင်ကြပြီး သံလွင်မြစ်မှ စီးဆင်းလာသည့် ရေချိုများသည် မြစ်လက်တက်များမှတဆင့် ကပ္ပလီပင်လယ်မှ ရေငန်နှင့် ပေါင်းဆုံပါသည်။ ၎င်းအပြင် နေ့စဉ် ဒီရေအတက်အကျနှင့် ရာသီအလိုက်ဖြစ်ပေါ်သည့် ရေကြောင်းပြောင်းလဲစီးဆင်းမှုတို့နှင့်လည်း ပေါင်းစပ် နေပါသည်။ သို့သော်လည်း ယခုဆည်များသာ တည်ဆောက်ခဲ့ပါက အခြားကမ္ဘာ့နိုင်ငံများတွင် လေ့လာတွေ့ရှိခဲ့သည့် အတိုင်း မြစ်အောက်ပိုင်းဒေသများတွင် ဆိုးကျိုးများ ကြုံတွေ့ကြရဖွယ် ရှိနေပါသည်။ ဤဆိုးကျိုးများတွင် အောက်ပါကိစ္စ များ ပါဝင်နိုင်ပါသည်။
Description: http://www.burmariversnetwork.org/burmese/images/stories/maps/downstream.gif

အနည်းကျမှုများ နည်းသွားနိုင်ခြင်း။ မြစ်အောက်ပိုင်းဒေသများသို့ နုံးအနယ်ကျမှုများ ရောက်ရှိရန် ပို၍ နည်းသွားသော ကြောင့် မြန်မာနိုင်ငံ၏ စပါးကျီဟု တင်စားကြသည့်အရပ်တွင် စိုက်ပျိုးရေး အထွက်နှုန်းများ ကျဆင်းသွားနိုင်ပါသည်။ ဒေသ ခံလူထုများ၏ စားရေရိက္ခာ ဖူလုံရေးသာမက၊ ဤဒေသမှဆန်ကို မှီခို၍ တင်သွင်းစားနေကြရသည့် သိန်းပေါင်းများစွာသော ပြည်သူများ၏ ရိက္ခာဖူလုံရေးကိုလည်း ထိခိုက်စေပါလိမ့်မည်။
မြစ်၏ဇလဗေဒ ပြောင်းလဲမှုများ။ ။ မြစ်ရေစီးသည့် ရေလုံးအင်အားပြောင်းလဲသွားမှုကြောင့် ရေတွင် ဆားငန်ဓါတ် သိပ်သည်းမှု ပိုများလာနိုင်ပြီး ပို၍ မြစ်အညာပိုင်းသို့ ဆားငန်ရေ၀င်လာနိုင်ပါသည်။ သို့အတွက်ကြောင့် စိုက်သီးနှံများကို ပို၍ထိခိုက်စေပါလိမ့်မည်။
ရုတ်တရက်နှင့် သဘာဝမဟုတ်သည့် ရေမြင့်တက်ခြင်းများ။ ။ မြစ်အထက်ပိုင်းဆည်မှ ရေလွှတ်ချလိုက်ခြင်း ကြောင့် ရုတ်တရက်နှင့် သဘာဝမဟုတ်သည့် ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်ကာ ကမ်းပါးမြေများ တိုက်စားခြင်း၊ ကျွန်းများကို ဖျက် ဆီးပစ်ခြင်း၊ မြစ်ကြောင်းတလျှောက်နေ ပြည်သူများအတွက် အန္တရာယ်ကြုံရခြင်းများ ဖြစ်စေပါသည်။
ရေ၏ အရည်အသွေးပြောင်းလဲသွားခြင်း။ ။ ဆားငန်ဓါတ်ပေါက်မှု သို့မဟုတ် ရာသီအလိုက် ရေစီးဆင်းမှုပုံစံ ပြောင်း လဲသွားခြင်းကြောင့် ရပ်ရွာများ၏ ရေလှောင်ကန်များ သောက်သုံးမရ ဖြစ်နိုင်သလို၊ စိုက်ပျိုးရေးအတွက်လည်း အခက်တွေ့ စေနိုင်ပါသည်။
ငါးဖမ်းရရှိမှု ကျဆင်းသွားခြင်း။ ။ ငါးများ ရွှေ့ပြောင်းသားပေါက်မှုကို အနှောင့်အယှက်ဖြစ်စေသည့် အတွက်ကြောင့် ငါး အရေအတွက်နည်းလာနိုင်သည်။ ဒေသခံလူထုများအတွက် အသားဓါတ် ရရှိမှုနည်းလာနိုင်သည်။ ဇီဝမျိုးကွဲများ ကြွယ်ဝမှု ကိုလည်း ထိခိုက်စေနိုင်သည်။
ဆည်ကျိုးပေါက်မှုကြောင့် ကပ်ဘေးသင့်ရခြင်း။ ။ ယခု တည်ဆောက်ရန် လျာထားသည့် ဆည်များသည် မြန်မာနိုင်ငံ၏ ငလျှင်ပြတ်ရွေ့ကြော အပေါ်တွင် တည်ရှိနေကြပါသည်။

ဤသို့ ပြောင်းလဲမှုများ တခုခုဖြစ်ပေါ်ခဲ့ပါက မျိုးဆက်များစွာ မိမိဘာသာရပ်တည် နေထိုင်ခဲ့ကြသည့် လူထုများ၊ သူတို့၏ သဘာဝ ပတ်ဝန်းကျင်များ၏ မျှခြေအနေအထား ပျက်ယွင်းသွားနိုင်ပါသည်။ သို့အတွက်ကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရခြင်း၊ ပြင်ပဒေသများသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့သော်လည်း ဤသို့ စိုးရိမ်ပူပန်ချက်များနှင့် ဖြစ်လာနိုင်သည့် ပြဿနာများကို မြစ်အောက်ပိုင်းဒေသတွင် နေထိုင်ကြသူများထံသို့ ယခုတိုင် အသိပေးခြင်း မရှိသေးပါ။ ဤဆည်စီမံချက်များအကြောင်းကိုလည်း ယခုတိုင် အသိပေးခြင်း မရှိသေးပါ။ ဆုံးဖြတ်ချက်ချရာ တွင် ပါဝင်ခွင့်ရရေးဆိုသည်မှာ ပို၍ ဝေးကွာနေတော့ပါသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ဆည်များနှင့် ပတ်သက်၍ အင်တာနက်စာမျက်နှာ
www.salweenwatch.org သို့ သွားရောက် ကြည့်ရှုနိုင်ပါသည်။
သံလွင်မြစ်အောက်ပိုင်းဒေသနေ ပြည်သူများအပေါ် သက်ရောက်မည့် ဆိုးကျိုးများနှင့် ပတ်သက်၍ "တိမ်းစောင်းမခံနိုင် သော မျှခြေ" (In the Balance) အစီရင်ခံစာကို ဖတ်ရှုစေလိုပါသည်။

မြစ်အောက်ပိုင်းဒေသသို့ ထိခိုက်နိုင်သော ဆိုးကျိုးများနှင့် ပတ်သက်၍ ယေဘုယျသတင်းအချက်အလက်များ ဖတ်ရှုလို ပါက ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) ၏ အချက်အလက်ဘဏ်
www.dams.org သို့ သွားရောက် ကြည့်ရှု နိုင်ပါသည်။
ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင် (WCD) က မြစ်အောက်ပိုင်းဒေသများနှင့် ပတ်သက်၍ လေ့လာချက်ကို အောက်ပါ နေရာများတွင် ဖတ်ရှုနိုင်ပါသည်။
http://www.dams.org/docs/kbase/contrib/soc195.pdf
"တိတ်ဆိတ်သွားသည့် မြစ်များ။ ဧရာမဆည်ကြီးများ၏ ဂေဟဗေဒစနစ်နှင့် နိုင်ငံရေး" စာအုပ်
The book Silenced Rivers: The Ecology and Politics of Large Dams
(for information
http://www.internationalrivers.org/en/dam-basics/silenced-rivers-ecology-and-politics-large-dams






မြန်မာနိုင်ငံရှိ ဆည်တည်ဆောက်ရေးစီမံကိန်းများတွင် သင့်လျော်သည့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ စစ်ဆေး အကဲဖြတ်ချက်များ ရှိမည်ဟု အာမခံချက် မရှိပါ။ သို့အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း လျှော်ကန် စွာ ဆောင်ရွက်မည်၊ စနစ်တကျ ကြီးကြပ်မှုရှိမည်ဟု မဆိုနိုင်ပါ။ ဒေသခံပြည်သူများကိုလည်း မည်သည့်အချိန်တွင် ရေ ထုတ်လွှတ်မည်၊ ဆည်ကြောင့် မည်သည့်ဆိုးကျိုးအန္တရာယ်များ ကြုံတွေ့ရနိုင်သည် စသည့် သတင်းအချက်အလက်များကို လည်း သေချာပေးထားလိမ့်မည် မဟုတ်ပါ။ အရေးပေါ်အခြေအနေ ကြံရပါက မည်သို့ပြင်ဆင်ထားရှိရမည်ကိုလည်း ပြော ဆိုထားမည် မဟုတ်ပါ။ ၎င်းကဲ့သို့ အစီအစဉ်များလည်း ရှိမည် မဟုတ်ပါ။ သို့အတွက်ကြောင့် ဆည်များ၏ အန္တရယ်ကင်း လုံခြုံမှုသည် အထူးစိုးရိမ်ဖွယ်အချက် ဖြစ်နေစေပါတော့သည်။

မြေငလျှင်များနှင့် ဆည်ကျိုးပေါက်မှုများ


Description: http://www.burmariversnetwork.org/burmese/images/stories/concerns/earthquake%20and%20dambreaks.gifမြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်နေဆဲ ဖြစ်သည့် ဆည်ကြီးများမှာ ငလျှင်အန္တရာယ်မကင်းသော ဒေသများတွင် ဆောက်လုပ်နေကြခြင်း ဖြစ်ပါသည်။ တည်ဆောက်ရန် လျာထားသည့် သံလွင်မြစ်ပေါ်မှ ဆည်များနှင့် ဧရာဝတီ/ မေခ/ မလိခမြစ်ပေါ်ရှိ ဆည်များသည် သက်ဝင်နေဆဲဖြစ်သည့် ငလျှင်ကြောနှင့် နီးကပ်စွာ တည်ရှိနေပါသည်။ ထို့အပြင် ငလျှင် ကြီးများ၏ ပြင်းအား၊ တည်နေရာနှင့် ထူးခြားချက်များကိုလိုက်၍ ငလျှင်များကြောင့် ဆည်များ၌ အက်ကြောင်းများ ဖြစ်ပေါ် လာစေပြီး တစ်ခါတရံ ဆည်ပြိုကျ ကျိုးပေါက်သည်အထိ ဖြစ်စေနိုင်ပါသည်။ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်က ကချင် ပြည်နယ်တွင် ဆည်ကျိုးပေါက်မှုကြောင့် ရေအားလျှပ်စစ်စက်ရုံ၊ ဆည်ရေကာတာများ ပြိုကျခဲ့ရပြီး၊ အိုးအိမ်များပျက်စီးကာ လူ ၅ ဦး သေဆုံးခဲ့ရပါသည်။ ကပ်ဘေးအန္တရာယ်များလည်း ကြုံရလုနီး ဖြစ်ခဲ့ရပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငလျှင်ကြောင့်ဖြစ်သော အန္တရာယ်များ လေ့လာအကဲဖြတ်ရေး အစီအစဉ် (Global seismic Hazard Assessment Program) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် ငလျှင်အန္တရာယ် မြင့်သောအခြေအနေမှ အလွန် တရာမြင့်မားစွာ တည်ရှိနေသော ဒေသအတွင်းတွင် ကျရောက်နေပြီး၊ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အတွင်းတွင် တသမတ်တည်း မြင့်မားစွာ ရှိနေခဲ့ပါသည်။ တရုတ်-မြန်မာနိုင်ငံနယ်စပ်တွင် မကြာသေးမီက လှုပ်ခဲ့သော ငလျှင်ကြောင့် ဧရာဝတီမြစ်ဆုံဆည်သာ တည်ဆောက်ခဲ့ပါက မည်သို့ ဖြစ်ပေါ်လာမည်ကို တွေးတော၍ ပူပန်နေခဲ့ကြ ပါသည်။ (
ဆောင်းပါးကို ဖတ်ရန်) တရုတ်နိုင်ငံရှိ စိုးရိမ်ပူပန်သူပြည်သူများက တရုတ်နိုင်ငံ အနောက်မြောက်ဒေသတွင် တည်ဆောက်မည့် ဆည်များကို ဆိုင်းငံ့ထားပါရန် ၂၀၀၈ ခုနှစ်၊ မေလတွင် အပြင်းအထန်လှုပ်ခတ်ခဲ့သော ဇီချွမ်မြေငလျှင် ကြီးအပြီးတွင် မေတ္တာရပ်ခံစာ ရေးသားပေးပို့ခဲ့ကြပါသည်။ (ဆောင်းပါးကို ဖတ်ရန်)

ရေလွှမ်းမိုးမှုဒဏ် ခံရနိုင်ခြင်း

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/streetflooded.pngကမ္ဘာပေါ်ရှိ ဆည်ကြီးများ၏ အကျိုးအပြစ် သက်ရောက်နိုင်မှု အတိုင်းအတာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပြီးနောက် ကမ္ဘာ့ဆည်များဆိုင်ရာကော်မရှင်က ဆည်များကြောင့် ပြည်သူလူထုများတွင် ရေလွှမ်းမိုးမှုဒဏ် ပို၍ကြုံရဖွယ်ရှိသည်ကို တွေ့ရှိ ခဲ့ကြပါသည်။ ရေတာတမံများသည် ရေလွှမ်းမိုးမှုဒဏ် အငယ်စားအချို့ကို ကာကွယ်ပေးနိုင်သော်လည်း၊ ရေလွှမ်းမိုးမှု ကြီးမားစွာ ဖြစ်ပေါ်လာပါက ဆည်များကြောင့် ပျက်စီးဆုံးရှုံးရမှု ပို၍ ကြီးမားစေနိုင်ပါသည်။ ရေလွှမ်းမိုးမှု ကြီးမားစွာဖြစ်ပေါ် လာပါက ဆည်များက ထိုရေလုံးများကို ထိန်းသိမ်းထားနိုင်စွမ်း မရှိကြတော့ပါ။ ရေလျှံပြီးနောက် ပို၍ဆိုးရွားပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်စေပါသည်။ ဧရာဝတီ မြစ်ဆုံဆည်တည်ဆောက်ရာတွင်လည်း ဤကိစ္စသည် စိုးရိမ်ဖွယ် အချက် ဖြစ်ပါသည်။ အကြောင်းမှာ ဤနေရာသည် မြစ်ကြီးနားမြို့အထက်ဖက် ကီလိုမီတာ ၄ဝ ခန့် အကွာအဝေးတွင်သာ တည်ရှိ နေသောကြောင့် ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ထိုဒေသတဝိုက်တွင် ရေလွှမ်းမိုးမှု အန္တရာယ်က တနှစ်တခြား ပို၍ ဆိုးရွားပြင်းထန် လာနေခဲ့ပါသည်။ အကြောင်းမှာ ဤဒေသတဝိုက်တွင် ရွှေတူးဖော်နေကြသောကြောင့် မြစ်ကမ်းပါးများကို ပျက်စီးစေပြီး၊ ရေကြောင်း ပြောင်းလဲစေသည့်အပြင် ရေကြီးမှုကို သဘာဝအရ တားဆီးနိုင်သော သစ်တောများလည်း ပြုန်း တီးလာနေသောကြောင့် ဖြစ်သည်။ ၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လတွင် မြစ်ကြီးနားမြို့ ရေလွှမ်းခဲ့ပြီး၊ လူပေါင်း ၁၉, ဝဝဝ ကျော် ရေ လွှမ်းမှုဒဏ်ခံခဲ့ကြရပါ သည်။ ဒေသရှိ ရပ်ရွာအဖွဲ့အစည်းများနှင့် ဘုရားရှိခိုးကျောင်းများ၊ ဘာသာရေးအသင်းများက ဖျားနာ သူများနှင့် အိုးအိမ်မဲ့ ဖြစ်ရသူများကို ကူညီကယ်ဆယ်ပေးရေးအတွက် ရုန်းကန်ကြိုးပမ်းခဲ့ကြရပါသည်။

ရုတ်တရက် ရေတက်လာခြင်းများ

Description: http://www.burmariversnetwork.org/burmese/images/stories/concerns/lowwater.pngရေအားလျှပ်စစ်ထုတ်သော စက်ရုံများတွင် ချိန်ခါမဟုတ်ဘဲ ရုတ်တရက် တာတမံမှ ရေစွန့်ထုတ်သည့် အဖြစ်မျိုးရှိနိုင်ပါ သည်။ မြစ်အထက်ပိုင်းရှိ ဆည်ကို စီမံအုပ်ချုပ်နေသူက လျှပ်စစ်ဓါတ်အားပေးစက် လိုအပ်မှုရေပမာဏ အခြေအနေကို လိုက်၍ ရေစွန့်ထုတ်ရန် ဆုံးဖြတ်ချက် ချပါသည်။ (ဤသို့ ရေစွန့်ထုတ်ရန်ဆုံးဖြတ်ချက်ချသူများမှာ မြစ်အထက်ပိုင်း တရုတ် နိုင်ငံရှိ အာဏာပိုင်များလည်း ဖြစ်နိုင်ပါသည်။) ရေစွန့်ထုတ်လိုက်သည့်အခါ ရေအမြင့် ချက်ချင်းတက်လာပြီး၊ မြစ်အကြေ ပိုင်းရှိ လူထုများမှာ ကြိုတင်သတိပေးမှု မရှိဘဲ ရေအန္တရာယ်နှင့် ကြုံရနိုင်ပါသည်။ လူအများအဖို့ ၎င်းတို့၏လှေများ၊ ငါးဖမ်း ကိရိယာများ ဆုံးရှုံးကြရပြီး၊ ရုတ်တရက် ရေမြင့်တက်လာမှုကြောင့် အချို့မှာ ရေနစ်သေဆုံးကြရပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မဲခေါင်မြစ်ဝှမ်း ဒေသတလျှောက်တွင် လားဟူကျေးရွာများသည် အလားတူ လှေတိမ်းမှောက်သည့် အန္တရာယ် ကြုံကြရပြီး ရေရုတ်တရက်မြင့်တက်လာခြင်းကြောင့် ရေစီးကြောင်းများ ပြောင်းလဲသွားသည်ကို ကြုံတွေ့ကြရပါသည်။