Wednesday, September 28, 2011

မြစ်မင်းဧရာ

မြစ်မင်းဧရာ
မြန်မာပြည်မြောက်ဖျားမှာ မြစ်ဖျားတည်
မြောက်မှ တောင်သို့ တသွင်သွင်စီး
ငါတို့ရဲ့ ကိုယ်ပိုင်မြစ်လည်းဖြစ်ရဲ့။
မြစ်မင်းဧရာ
အာရှမှာ ကိုယ်ပိုင်မြစ်ရယ်လို့
ရှေးယခင်ခေတ်တွေ ကတည်းက
သူများတွေအားကျခဲ့ကြပါရဲ့။
မြစ်မင်းဧရာ
ပြည်သားတို့ အားကိုး
သူရဲကောင်းတို့ မြတ်နိုးမှုတွေနဲ့
သင် … ရှင်သန်ခဲ့လေရဲ့။
မြစ်မင်းဧရာရယ်… အခုတော့
သင့်ရဲ့လည်ပင်းကို ကြိုးကွင်းစွပ်
အသက်သာမျှင်းမျှင်းရှူတော့ရယ်လို့
(သူတို့တွေ) ထိန်းချုပ်ဖို့ကြိုးစားခဲ့ကြလေရဲ့။
မြစ်မင်းဧရာ …
ငါတို့ သင့်ကို ကာကွယ်ပါရစေ
အချုပ်အနှောင်တို့ ရပ်တန့်ဖို့ကြိုးစားပါရစေ
ငါတို့ သင့်ကို ပြန် ရ’ ပါရစေ
ကြည်လင်ရှင်းသန့်ဖို့ ပြန်ထူမတ်လှည့်ပါ။
တိုင်းပြည် တနံတလျား ပြန်စီးဆင်းလှည့်ပါ။
အချုပ်အနှောင်မဲ့ ပြန်စီးဆင်းလှည့်ပါ မြစ်မင်းဧရာရယ်။ ။

မမေသိမ့်သိမ့်ကျော်ကဗျာကိုကူးယူဖော်ပြသည်။