Wednesday, September 28, 2011

ဧရာဝတီ

ဧရာဝတီ
သူ့အကြောင်းတွေနဲ့
ငါတို့
အိပ်ယာဝင်ခဲ့ကြတယ်။

ကြည်နူးဖွယ်ရာပုံပြင်တွေလည်း
သူ
ငါတို့ကို
ပြောပြတယ်။

ရဲရင့်တဲ့ခွန်အား
သူ
ငါတို့ကို ပေးတယ်။

သူ့အတွက်
ငါတို့
ဂုဏ်ယူဝင့်ကြွားခဲ့တယ်။

ငါတို့
အားလျော့ချိန်
သူ့လှိုင်းသံတွေရဲ့ဖေးမမှုနဲ့
ကြံ့ကြံ့ခံခဲ့ကြတယ်။

သူဟာ
ငါတို့ရဲ့ အနုပညာ
ငါတို့ရဲ့ မိခင်
ငါတို့ရဲ့ သမိုင်း။

တို့ အနုပညာ
တို့ မိခင်
တို့ သမိုင်းကို
ထိန်းသိမ်းကာကွယ်ဖို့
တို့အသက်
သေချင်သေစေတော့

မဖြုံနဲ့
ဧရာဝတီရေ
မင်းတစ်ယောက်တည်းမဟုတ်ဘူးဟေ့။
Angelzon