ဆည်တည်ဆောက်မှုကြောင့် ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှုကို ထိခိုက်ခြင်း၊ တံငါငါးဖမ်းလုပ်ငန်းများ၏ ရပ်တည်မှု ကို ထိခိုက်ခြင်း၊ သစ်တောများ၊ ရေစီးဆင်းမှု (မြစ်ကြောင်းစီးဆင်းမှု) များကို ပြောင်းလဲသက်ရောက်စေပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြစ်များအဖွဲ့ (International Rivers) က ခန့်မှန်းဖော်ပြရာတွင် ဆည်တည်ဆောက်မှုများကြောင့် ဖန်လုံအိမ် အာဏိသင်ဓါတ်ငွေ့များ ထွက်စေကာ ကမ္ဘာကြီးပူနွေးစေမှုကို ၄၀% အထိ ဆိုးကျိုးသက်ရောက်စေသည်ဟု ဆိုပါသည်။ ဆည်တည်ဆောက်၍ ဖြစ်လာသော သစ်ပင် အရွက်များ ပုတ်သိုးဆွေးမြေ့မှုကြောင့် ဖန်လုံအိမ်အာဏိသင် ဓါတ်ငွေ့များ ထွက်လာစေခြင်း ဖြစ်ပါသည်။
ဇီဝသတ္တ မျိုးကွဲများ စုံလင်စွာ တည်ရှိမှု

တည်ဆောက်ရန် လျာထားသည့် ဧရာဝတီမြစ်/ မေခ/ မလိခမြစ်ဆည်များ သည် ကမ္ဘာ၏ အရေးအပါဆုံး ဇီဝသတ္တမျိုးကွဲ များ စုံလင်ထွေပြားရာဖြစ်သည့် အရေးအပါဆုံးနေရာတွင် တည်ရှိနေပါသည်။ ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ) တွင် တည်ရှိနေပြီး၊ ခြိမ်းခြောက်မှု အထူးကြုံတွေ့နေရသည့် ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင် ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍ မူလ ပေါက်ဖွားသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ဆည်တည်ဆောက်မှုကြောင့် မျိုးတုန်း ပျောက်ကွယ်သွားရနိုင်ပါသည်။ ၎င်းရေချို လင်းပိုင်ငါးများသည် ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။
ဝဲကြီးဆည်၊ ဟတ်ကြီးဆည် နှင့် ဒါးကွင်းဆည် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးခံရမည့် ကရင်ပြည်နယ်နှင့် ကရင်နီပြည် နယ် မုတ်သုန်သစ်တော ဒေသများကို ကမ္ဘာကပင် ဇီဝသတ္တမျိုးကွဲစုံလင်လှသည့် ဒေသဟု အသိအမှတ်ပြုထားကြရပါ သည်။ ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ခိုးကေ လေ့လာမှု (Khoe Kay study) အရ ၀ဲကြီးဆည်တည်ဆောက်မည့် သံလွင် မြစ်အနီး၌ အပင်မျိုးစိတ်ပေါင်း ၁၉၄ ခုနှင့် တိရိစ္ဆာန်အမျိုးပေါင်း ၂၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ၎င်းတို့အနက် တွင် ရှားပါးမျိုးတုန်းတော့မည့် တိရိစ္ဆာန်အမျိုးပေါင်း ၄၂ မျိုးလည်း ပါဝင်ပါသည်။ အခြားရှားပါး ပျောက်ကွယ်နိုင်သည့် မျိုး စိတ်မည်မျှ ရှိသည်ကို မသိနိုင်ပါ။
ထမံသီဆည် တည်ဆောက်မှုကြောင့်လည်း ကမ္ဘာပေါ်တွင် ရှားပါးနို့တိုက်သတ္တ၀ါကြီးများ နေထိုင်ရာသစ်တောများသည် လည်း ရေလွှမ်းမိုးနစ်မြုပ်သွားတော့မည် ဖြစ်ပါသည်။ ယခုအခါ တကမ္ဘာလုံး၌ ရှားပါးနေပြီဖြစ်သည့် နို့တိုက်သတ္တ၀ါများ ဖြစ်သော Panthera tigris ကျားများ၊ Elephus maximus ဆင်များ၊ မြန်မာနိုင်ငံတွင် အတွေ့ရများသည့် အခွံမာ Kachuga travittata လိပ်များ ပါဝင်ပါသည်။ အခြားနေရာ များတွင် မည်သည့်နေရာ၌ တွေ့ရှိနိုင်မည်ကို မသိကြရသော် လည်း ဤနေရာများမှ အပြီးတိုင် ပျောက်ကွယ်ဆုံးရှုံးကြရတော့မည် ဖြစ်ပါသည်။
ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဂေဟဗေဒစနစ်၏ တည်မြဲနေမှုကို ထိခိုက်ပျက်စီးစေပါသည်။ မြစ်ကြောင်း၏ ဂေဟ ဗေဒစနစ်ကိုလည်း အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ပြိုကွဲစေပါသည်။ ဆည်၏ အထက်ဖက်နှင့် အောက်ဖက်တွင် နေထိုင်ကြ သည့် တိရိစ္ဆာန်မျိုးစိတ်များကိုလည်း ပိုင်းခြားလိုက်သည့်နှယ် ရှိစေပါသည်။ ပြောင်းရွှေ့သားပေါက်ရာ ငါးများ၊ တိရိစ္ဆာန်မျိုး စိတ်များကို၏ ခရီးသွားလာမှုကိုလည်း အနှောက်အယှက်ဖြစ်စေပြီး မျိုးရိုးဗီဇအစုကို လျှော့စေပါသည်။ ဆည်များကြောင့် မြစ်အထက်ပိုင်းရှိ စားကျက်ခိုလှုံရာများကို ရေနစ်မြုပ်စေပြီး၊ မြစ်အောက်ပိုင်းတွင် ရာသီအလိုက် သဘာဝရေစီးဆင်းမှု၊ မြစ်ကြောင်းများကို ပြောင်းလဲစေပါသည်။ မြစ်အောက်ပိုင်းရှိ သဘာဝအရ မြေဆီနုံးတင်မှုကိုလည်း ပြောင်းလဲထိခိုက်စေပါ သည်။ ထို့အပြင် ဆည်များကြောင့် ငါးများပြောင်းရွှေ့သားပေါက်ရာ လမ်းကြောင်းကို တိုက်ရိုက်ထိခိုက်စေပြီး၊ သားပေါက် ရာနေရာကို မရောက်နိုင်တော့ဘဲ ဖြစ်စေပါသည်။
သစ်တောများ

ငါးဖမ်းလုပ်ငန်းများ

"ကမ္ဘာတ၀ှမ်းလုံးတွင် ဆည်များတည်ဆောက်မှုကြောင့် တွေ့ရှိရသော အစီရင်ခံချက်ရလဒ်တခုမှာ မြစ်အောက် ပိုင်းဒေသများ၌ ငါးဦးရေ လျှော့ကျသွားခြင်းပင် ဖြစ်ပါသည်။" - ကမ္ဘာ့ဆည်များဆိုင်ရာ ကော်မရှင်
ရေစီးဆင်းမှု ပြောင်းလဲခြင်း
